လှိုင်သာယာ လူငယ်ကွန်ယက် အဖွဲ့ဝင်များ ပူးပေါင်းပါဝင်၍ ရေးဆွဲအတည်ပြုသော ကွန်ယက်၏ ရည်ရွက်ချက်၊ ပန်းတိုင်၊ လုပ်ငန်းစဉ်များ နှင့် ကွန်ယက်၏ မဟာဗျူဟာလုပ်ငန်းစဉ်များ၏ ရလဒ်များပေါ်ထွက်လာစေရန်အတွက် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ KB Community Center တွင် ပြုလုပ်ခဲ့ပြီး လှိုင်သာယာလူငယ်ကွန်ယက်မှ ကွန်ယက်အဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီး ၂၀ တက်ရောက်ခဲ့ပါသည်။
ဤအလုပ်ရုံဆွေးနွေးပွဲသည် Actionaid Myanmar, CBI နှင့် ဖန်တီးအိမ်တို့ ပူးပေါင်းဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သော “ဓူဝံ” စီမံကိန်း၏ အစီအစဉ်တစ်ခုဖြစ်သည်။